ခရိုင်းမီးယား နိုဝင်ဘာ ၂၈
ဟာရီကိန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးနောက် နိုဝင်ဘာ ၂၇ ရက်တွင် ခရိုင်းမီးယားဒေသခံ ၄၀၀၀၀၀ ကျော် လျှပ်စစ်မီးများ ပြတ်တောက်မှု ကြုံတွေ့ခဲ့သည်။
ကနဦး သတင်းဖော်ပြချက် များအရ ခရိုင်းမီးယားတောင်ပိုင်း ကမ်းရိုးတန်းတွင် လူတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် တချို့ဒေသများတွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၄၀ ကီလိုမီတာ (မိုင် ၉၀ နှုန်း) ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။
သေဆုံးသူအမျိုးသားမှာ မုန်တိုင်းတိုက်ခတ်နေချိန် လှိုင်းထွက်ကြည့်ရာ ကံမကောင်းဘဲ သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း တာဝန် ရှိသူတစ်ဦးက ရုပ်မြင်သံကြား တစ်ခုတွင် ပြောကြားခဲ့သည်။
ယခုအချိန်အထိ လူပေါင်း ၄၂၅၀၀၀ ခန့် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိကြောင်းနှင့် သစ်ပင် ပေါင်း ၅၀၀ မှာလည်း လဲကျခဲ့ကြောင်း၊ နှစ်ရက်အတွင်း မီးများပြန်လည်ရရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် အရေးပေါ် ဝန်ဆောင်မှုလုပ်ငန်းများလည်း စတင်လှုပ်ရှားနေပြီဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကမ်းရိုးတန်းအနီး အဝေးပြေးလမ်းတချို့ကိုလည်း ရေကြီး နစ်မြုပ်မှုကြောင့် ပိတ်ခဲ့ရသည်။ မုန်တိုင်းအရှိန်ကို ယူကရိန်းနှင့် ရုရှားတောင်ပိုင်းတို့လည်း ထိတွေ့ခံစားခဲ့ရသည်။ ရထားလမ်း ပင်လယ်အောက်ရောက်ရှိခဲ့သောကြောင့် ရုရှားပင်လယ်နက်ကမ်းရိုးတန်းရှိ ရထားခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခဲ့ပြီး နိုဘရော့စီဆိပ်ကမ်းတွင် လောင်စာဆီတင်ခြင်းလုပ်ငန်း များလည်း ရပ်ဆိုင်းထားရသည်။
အေပီ