ဟနွိုင်း နိုဝင်ဘာ ၂၈
ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တန်ဖိုး စုစုပေါင်း ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းရှိသည့်အတွက် ကမ္ဘာ့ ဒုတိယအကြီးဆုံး ပုစွန်တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီက နိုဝင်ဘာ ၂၈ ရက်တွင် အစီရင်ခံဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ပုစွန်များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ နီးပါး သို့ တင်ပို့ လျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနအောက်ရှိ ရေလုပ်ငန်းအထွေထွေဦးစီးဌာနကို ကိုးကား၍ အစီရင်ခံ ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ပုစွန်တင်ပို့သည့် ဈေးကွက်ငါးခုမှာ ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ် ကြောင်း သိရသည်။ ၂၀၁၀-၂၀၂၃ ခုနှစ်ကာလ အတွင်း ရေငန်ပုစွန် မွေးမြူရေးဧရိယာ ၆၄၄၀၀၀ မှ ၇၃၇၀၀၀ ဟက်တာအထိ ရှိ သည်။
ဗီယက်နမ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၁၀ လအတွင်း ဗီယက်နမ် နိုင်ငံသည် ပုစွန်တင်ပို့ရာမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ဆင်ဟွာ