နေပြည်တော်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့ မွန်းလွဲပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းခရီးစဉ် ပျံသန်းရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဌာနအကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်