ဒီဇင်ဘာ ၁
အိန္ဒိယနိုင်ငံအနောက်ပိုင်းဂူဂျာရတ်ပြည်နယ်တွင် ဓာတုစက်ရုံတစ်ရုံမီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ခုနှစ်ဦး၏အလောင်းကို မီးလောင်မှုကြောင့်ပျက်စီးသွားသောအပျက်အစီးများအောက်တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။
အဆိုပါမီးလောင်မှုသည် ဂူဂျာရတ်ပြည်နယ် မြို့တော် ဂန်ဟင်နာဂါ၏တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာခန့် ဆူရတ်ခရိုင်ရှိ စက်မှုဇုန်တွင်တည်ရှိသော ဓာတုစက်ရုံ၌ နိုဝင်ဘာ ၂၉ ရက်မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစက်ရုံမီးလောင်မှုကြောင့် သေဆုံးခဲ့သူခုနစ်ဦးအနက် တစ်ဦးသည် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်ပြီး အခြားခြောက်ဦးသည် စာချုပ်အလုပ်သမားများဖြစ်သည်။
မီးလောင်မှုတွင် ၂၄ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ကနဦးပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာရရှိသူ ၂၇ ဦး ရှိလာသည်ဟု သိရသည်။
မီးလောင်လွယ်သောဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် ကြီးမာသောကန်ကြီးတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ယူဆထားသည်။
အိန္ဒိယနိုင်ငံရှိစက်ရုံပိုင်ရှင်များသည် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများကိုလျစ်လျူရှုထားလေ့ရှိသဖြင့် စက်ရုံများတွင် မတော်တဆပေါက်ကွဲများဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို