ဒီဇင်ဘာ ၁
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၁၁ ဒသမ ၂ သန်းကျော်ရှိရာ လွန်ခဲ့သောနှစ် အလားတူကာလက နိုင်ငံသားခရီးသွားဝင်ရောက်မှုအရေအတွက်၏ ၃ ဒသမ ၈ ဆ ပိုမိုများပြားခဲ့သည်။
အဆိုပါ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလက ခရီးသွားဝင်ရောက်မှု၏ ၆၈ ဒသမ ၉ ရာခိုင်နှုန်းနှင့်ညီမျှမှုရှိကြောင်း ဗဟိုစာရင်းအင်းရုံးက နိုဝင်ဘာ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာနလက်အောက်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှခရီးသွားအများဆုံးလာရောက်ခြင်းဖြစ်ပြီး ခရီးသွား ဝင်ရောက်မှု ၃ ဒသမ ၂ သန်းရှိကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွင်း ခရီးသွား ၁၂ သန်း မှ ၁၃ သန်းခန့် ဝင်ရောက်ရန် မျှော်မှန်းထားသည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို