နေပြည်တော် ဒီဇင်ဘာ ၁

 

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေး၊ ဝန်ထမ်းများစိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို ရည်ရွယ်လျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲအားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက် ကြည့်ရှုအားပေးသည်။

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ ဦးစီးဌာနအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ အသင်းလိုက်ထုပ်ဆီးတိုး ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

 

အဆိုပါအားကစား ပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ အားကစားပြိုင်ပွဲနည်းအလိုက် နှစ်သိမ့်ဆုရအသင်းများအား ဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ တတိယဆုရအသင်းများအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ဒုတိယဆုရအသင်းများအား ဒုတိယဝန်ကြီးက လည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲပထမဆုရ သမဝါယမဦးစီးဌာနအသင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်း၊ ဖူဆယ်ပြိုင်ပွဲပထမဆုရ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲပထမဆုရ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)