ရန်ကုန် ဒီဇင်ဘာ 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့တို့တွင် ဒီဇင်ဘာ()ရက်မှ ()ရက်အထိကျင်းပမည့် ()ကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံသို့ ပါဝင် တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ကျိုးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်အေးဝါလှိုင်တို့ပါဝင်ပြီး အဆိုပါ အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆင်ဟွာသတင်းဌာန (ရန်ကုန်ရုံးခွဲ)မှ ကိုယ်စားလှယ်များက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

()ကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးများကို  ဒီဇင်ဘာ ()ရက်မှ ()ရက်အထိ ကွမ်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲနှင့် ဖိုရမ်များ ကျင်းပမည်ဖြစ်ရာ နိုင်ငံတကာမှ  ပြန်ကြားရေးဆိုင်ရာ အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ မီဒီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅၀)ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ()ရက်တွင်ကူမင်းမြို့၌ ကမ္ဘာ့မီဒီယာညီလာခံကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး 2nd Elephant International Communications Forum ကိုလည်း ကျင်းပမည်ဖြစ်ကြောင်းနှင့် ညီလာခံ များကို နိုင်ငံတကာသတင်းဌာနများဖြစ်သည့် ဆင်ဟွာသတင်းအေဂျင်စီ၊ AP Reuters TASS သတင်းဌာနနှင့် ကျိုဒိုသတင်းဌာနစသည့် ကမ္ဘာ့သတင်းမီဒီယာအဖွဲ့များ၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၀၉ခုနှစ်မှစတင်၍ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)