နေပြည်တော် ဒီဇင်ဘာ ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၃၉) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပသည်။
ဉီးစွာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံစီးပွားဖွံဖြိုး တိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရာတွင် စီးပွားရေးပွင့်လန်းလာစေရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် Eco-Friendly Business များပေါ်ပေါက်လာစေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ၂၀၃၀ Global Agenda အရ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့များနှင့်မြို့နယ်များအထိ လက်တွေ့အကောင်အထည်ဖော် ဆောင်မှုများအား လေ့လာသိရှိခွင့်ရ နိုင်မည်ဖြစ်သောကြောင့် တက်ရောက်လာကြသော အရာထမ်း/အမှုထမ်းများအနေဖြင့် တက်တက် ကြွကြွဖြင့် ပါဝင်ဆွေးနွေးပေးရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက “ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မြို့များနှင့်မြို့နယ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတက်ရောက် ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြား သည်။
အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)