ရန်ကုန် ဒီဇင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ သန်လျင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမင်းသူက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးပုံအဆင့်ဆင့်ကို PowePoint ဖြင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့သရုပ်ပြ မဲပေးခြင်း ဆောင်ရွက်ကြရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၅ ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)