နယူးဒေလီ၊ ဒီဇင်ဘာ   ၄

 

အိန္ဒိယနိုင်ငံ၏ အကြိုရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ဘရာတီယာဂျနာတာပါတီ (BJP) က နိုင်ငံ၏  အဓိက မဲဆန္ဒနယ်သုံးခုတွင် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် ဝန်ကြီးချုပ်မိုဒီ တတိယအကြိမ် ရာထူးသက်တမ်းအတွက် အနိုင်ရရှိရန် ရှေ့ဆောင်လမ်းပြသည့်ပမာ ဖြစ်ခဲ့သည်။

 

ဟိန္ဒူ အမျိုးသားရေးပါတီဖြစ်သည့် ဘရာတီယာဂျနာတာ ပါတီသည် ၎င်း၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက် ပါတီအား နိုင်ငံအနောက်ပိုင်း ရာဂျာစသန်ပြည်နယ် မဒရာပရာဒေ့ရှ်နှင့် ချာတီစဂတ်ပြည်နယ်တို့တွင် မဲအများစုရရှိကာ အနိုင်ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ကို စွမ်းအားအဖြစ်ရယူကာ ၎င်း၏ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ဘရာတီယာဂျနာတာပါတီ ဌာနချုပ်တွင် ပြောကြားသည်။ ယခုပဏာမရရှိခဲ့သည့် ရွေးကောက်ပွဲရလဒ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုဖော်ပြသည့် အတိုင်းအတာတစ်ခု ဖြစ်ခဲ့ပြီး မိမိတို့ပါတီက အိန္ဒိယနိုင်ငံအပေါ် ကမ္ဘာတစ်ဝန်း၏ ယုံကြည်မှုကို ဆောင်ယူလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

ပဏာမရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း BJP ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကွန်ဂရက်ခေါင်းဆောင် ရာဟောဂန္ဒီက ပြောကြားခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကို လာမည့်မေလတွင် ကျင်းပရန် စီစဉ်ထားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ