ဂျကာတာ ဒီဇင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ မာယာပီမီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး တောင်တက်သမား ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းမီးတောင် ပေါက်ကွဲမှုသည် ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖြစ်ပွားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၏ ပထမအဆင့်တွင် တောင်တက်သမား ၄၉ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်း၏ ဒုတိယအဆင့်တွင် သုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၁ ဦး သေဆုံး ကြောင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ အဗူမာလစ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
တောင်တက်သမားများကို ရှာဖွေရန် တာဝန် ရှိသူများက လူ ၁၀၀ နီးပါးကို ဖြန့်ကြက်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၂၈၉၁ မီတာ မြင့်သော မာယာပီမီးတောင် ပေါက်ကွဲမှုကြောင့် မီတာ ၁၅၀၀၀ အမြင့်ရှိ မီးတောင်ပြာများ အနီးပတ်ဝန်း ကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
ကိုးကား - ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ