နေပြည်တော်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာအနီးသို့ ဒီဇင်ဘာ ၃ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် အသက်လေးလ အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန် သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်တွင် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာအနီး၌ အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဉ် အကြမ်းဖက်သမားများ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တပ်မတော်မှ အဆိုပါဖြစ်စဉ်နေရာသို့ လေကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် တပ်မတော်နှင့်ပြည်သူပူးပေါင်း၍ အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်နေမှုများကို မလိုလားသည့် တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးကွဲစေရန်ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်