နေပြည်တော်၊ ဒီဇင်ဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ကလေး- တမူး လမ်းမပေါ်ရှိ ထန်းတပင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့်  ရခိုင်ပြည်နယ်  ပုဏ္ဏားကျွန်းမြို့ရှိ ကျေးရွာနှစ်ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းစသည်ဖြင့် အချက်အလက် တိကျခိုင်မာ ခြင်းမရှိသည့် သတင်းတု၊ သတင်းအမှားများကို လူမှု ကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

 

အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ် မေးမြန်းချက်များအရ အဆိုပါကျေးရွာများနှင့် အနီးတစ်ဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှုမရှိကြောင်း သိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အားကိုးယုံကြည်မှု နည်းပါးလာစေရန်အတွက် ယခုကဲ့သို့ အခြေအမြစ် မရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်

 

mdn