မိတ္ထီလာ ဒီဇင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။

 

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ပုံပြင်များဖြင့် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)