ရန်ကုန် ဒီဇင်ဘာ ၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ သည် အတွင်းရေးမှူး ဦးညွန့်ဖေ နှင့် ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၄)ရပ်ကွက် ဘုရင့်နောင်တံတားအောက်တွင် ပန်းခြံတည် ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄)၌ ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ရန်ကုန်တိုင်း ဒေသကြီး အလံတင်အခမ်းအနားနှင့်    ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၏ ပျော်ပွဲရွှင်ပွဲနှင့်  အားကစားပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဉီးစွာဒုတိယမြို့တော်ဝန် က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် မိမိတို့ကော်မတီအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ပြုလုပ်ရာတွင် အားကစားဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ဆောင်ရွက်ရန်နှင့် အားကစားနည်းများ အပေါ်မူတည်ပြီး အုပ်ချုပ်မှုပိုင်းဆိုင်ရာများကို တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီအလိုက် တာဝန်ရှိဌာနမှူးများကမိမိတို့ ဌာနအလိုက် ဆောင်ရွက်ရမည့် အာကစားနည်းအလိုက်၊ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြကြရာ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီ၏ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်