ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင် (၄) ခုရှိ မြို့နယ် (၄) ခုတို့တွင် ဒီဇင်ဘာ (၄) ရက်မှစ၍ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေး လေ့လာခြင်း ကိုဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရပ်ကျေး (၉) ခုမှ ပြည်သူ (၄၇၃) ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရပ်ကျေး (၂၂) ခုမှ ပြည်သူ (၄၁၂) ဦး၊ ကျောက်တန်းမြို့နယ် ရပ်ကျေး (၅၈) ခုမှ ပြည်သူ (၄၉၄) ဦး၊ ပန်းဘဲတန်းမြို့နယ် ရပ်ကွက် (၆) ခုမှ ပြည်သူ (၃၃၀) တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြသည်။
အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များ တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်