ပါရီ   ဒီဇင်ဘာ    ၇

ကားကုမ္ပဏီကြီးများဖြစ်သည့် နစ်ဆန်း၊ ရီနော့  နှင့်မစ်ဆူဘီရှီကုမ္ပဏီတို့မှ အကြီးအကဲများသည် ၎င်းတို့၏ လက်တွဲဆောင်ရွက်မှု ဆက်လက်တည်ရှိနေမည်ဟု ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် အပြန်အလှန်ကတိကဝတ်ပြုမှုများကို အလေးအနက်ထား   ပြောကြား ခဲ့ကြပြီး   လျှပ်စစ်ကားထုတ်လုပ်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းတိုးလာစေရန်   အတူတကွ   လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်းက  နစ်ဆန်းနှင့် ရီနော့ကုမ္ပဏီတို့သည် တစ်ဦးနှင့် တစ်ဦး အစုရှယ်ယာများပိုင်ဆိုင်မှု အပြီးသတ်နိုင်ခဲ့ပြီးနောက် ပါရီမြို့တွင်   ပထမဦးဆုံးကျင်းပသည့်  သတင်းစာရှင်းလင်းပွဲလည်း ဖြစ် သည်။

မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတွင်  အတားအဆီးများကို အတူဖြတ်ကျော်ပြီး  ပိုမိုခိုင်မာသည့် အနေအထားတစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီဥက္ကဋ္ဌနှင့်  စီအီးအိုဖြစ်သူ အူချီဒါ မာကိုတိုက ပြောသည်။

အိန္ဒိယ၌ လျှပ်စစ်ကားများထုတ်လုပ်ရာ၌ အတူတကွလုပ်ဆောင်ရန် စဉ်းစားလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ ရီနော့ကုမ္ပဏီ၏ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီသစ်ဖြစ်သည့်  Ampere  သည် နစ်ဆန်းနှင့်မစ်ဆူဘီရှီတို့အတွက် မော်ဒယ်အသစ်များ ထုတ်လုပ်ပေးမည်ဖြစ်သည်။

နစ်ဆန်းကုမ္ပဏီသည် Ampere တွင် ယူရိုသန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မစ်ဆူဘီရှီကုမ္ပဏီ သည်လည်း ယူရိုသန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်းသိရသည်။                 

အင်န်အိတ်ချ်ကေ