နေပြည်တော်  ဒီဇင်ဘာ  ၈

 

စစ်တက္ကသိုလ်       ဗိုလ်လောင်းသင်တန်းအမှတ်စဉ်    (၆၅) သင်တန်းဆင်း  ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင်   ပြင်ဦးလွင်မြို့   စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး        မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

တက်ရောက်

အဆိုပါ သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ်   (လေ)  ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊    ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည် ထောင်စုဝန်ကြီးများ၊  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊  အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်   တိုင်းမှူး၊   စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊    ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့် စစ်တက္ကသိုလ်၊    စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ   နည်းပြအရာရှိများနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့်   ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဂုဏ်ပြုညစာ သုံးဆောင်

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်းအရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်    အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

ကြည့်ရှုအားပေး

ညစာ     မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး  ညွှန်ကြားရေး မှူးရုံး  ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။    

 သတင်းစဉ်