ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့်ရေးသားလျက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ ဘဏ်များတွင်အပ်ငွေအဖြစ် အပ်နှံထားသော အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည် ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူ ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကို လည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေး ခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်ဟု လုပ်ကြံသတင်းတု များအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက် အားပေး တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media မှ ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ ပြုလုပ်ခြင်း ဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံ သတင်းများကို နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ကာ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်