ရန်ကုန် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ(၄)ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကျေး (၇) ခုမှ ပြည်သူ (၄၅၇) ဦး၊ တာမွေမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၅၁၀) ၊ ခရမ်းမြို့နယ် ရပ်ကျေး (၃၁) ခုမှ ပြည်သူ (၄၁၅) ဦး၊ ဒဂုံမြို့နယ် ရပ်ကွက် (၅) ခုမှ ပြည်သူ (၄၂၆) ဦး တက်ရောက် ၍လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြသည်။
သို့ပါ၍ ဒီဇင်ဘာ (၄) ရက်မှ (၁၂) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် (၁၃) ခုတို့မှ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၁၁၃၀၄) ဦး တက်ရောက် ၍လက်တွေ့စမ်းသပ် မဲပေး လေ့လာခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေး လေ့လာခြင်းအစီအစဉ် ကို ဒီဇင်ဘာ (၁၃) ရက်နှင့် (၁၄) ရက်များတွင် မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ တွံတေးမြို့နယ်၊ လသာမြို့နယ်များတွင် တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)