မနီလာ   ဒီဇင်ဘာ   ၁၂

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည်   ဥဇဘက် ကစ္စတန်နိုင်ငံရှိ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက်   အမေရိကန်ဒေါ်လာသန်း  ၂၄၀ ထုတ်ချေးရန် ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုခဲ့ ကြောင်း သိရသည်။

အဆိုပါချေးငွေစီမံကိန်းသည် ကျေးလက်လမ်း များကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းသည်  ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားများအား စျေးကွက်များ၊ ကျောင်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ခရိုင်စင်တာများသို့  ရာသီဥတုမရွေး   ကျေးလက်လမ်း များမှတစ်ဆင့်    ဝင်ရောက်နိုင်စေမည်ဖြစ် ကြောင်း ADB က ပြောကြားခဲ့သည်။

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည့် ဥဇဘက်ကစ္စတန်၏ လူဦးရေ ထက်ဝက်နီးပါးသည် စိုက်ပျိုးရေး လုပ်ငန်းကို    အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကမှီခိုနေရသော ကျေးလက်ဒေသများတွင် နေထိုင် လျက်ရှိကြောင်း    အာရှအလယ်ပိုင်းနှင့် အနောက်အာရှရေးရာ    ညွှန်ကြားရေးမှူးချုပ် ယက်ဂျီနီ ဇူကော့ဗ်က ပြောကြားခဲ့သည်။

လုံခြုံစိတ်ချရသော၊ ယုံကြည်စိတ်ချရသော၊ ရာသီဥတုဒဏ်ခံနိုင်သော ကျေးလက်လမ်းများမှတစ်ဆင့် ကျေးလက်အသိုင်းအဝိုင်းများနှင့်    ဝန်ဆောင်မှုများကို  ချိတ်ဆက်ထားရန်အတွက်   အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရန်  မရှိမဖြစ်လိုအပ်ကြောင်းလည်း    ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်