နေပြည်တော် ဒီဇင်ဘာ ၁၃
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာရှိ တောင်ကြီးခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ် ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးကြီးကြပ်ခြင်း လုပ် ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကျိုးရှိ ထိရောက်စေရေးအတွက် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ပေးရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြည်ပပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ ဆောင်ရွက်ရမည့် လုပ်ငန်း (၄၆၁)ချက်အနက် စက်ရုံရှိ ဝန်ထမ်းများ၊ ပြည်တွင်းပညာရှင်များပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်း(၃၂၀) ကို ပြည်ပကျွမ်းကျင်ပညာရှင်များ ပြန်လည်စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေ အနေများကို ညှိနှိုင်းဆွေးနွေးပြီး ပြည်ပကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးခဲ့မှုနှင့် စစ်ဆေး တွေ့ရှိချက်များကို တိတိကျကျ မှတ်တမ်းထားရှိရန်၊ ထပ်မံပြီးစီးသည့် လုပ်ငန်း(၂၁)ချက် နှင့်ပတ်သက်၍ ပြည်ပကျွမ်းကျင် ပညာရှင်များ စစ်ဆေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ ငွေလုံးငွေရင်း အသုံးစရိတ်များ တင်ပြတောင်းခံရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းနယ် ပယ်၊ ခန့်မှန်းကုန်ကျစရိတ်၊ အသေးစိတ် သတ်မှတ်ချက်တို့ကို ပြည့်စုံစွာဖော်ပြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် စက်ရုံမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် TPE နှင့် AGS မှ ကိုယ်စားလှယ်များ၏ နေ့စဉ်ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းမှ ထွက်ရှိလာမည့် သံစိမ်း (Pig Iron) ကို အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ EAF ဖြင့် သံမဏိ အရည်ကျိုရာတွင် (၃၀)ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွပ်လပ်ရေးရရှိပြီးနောက် ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က Blast Furnace ဖြင့် သံစိမ်း ထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ သို့ရာတွင် Blast Furnace ဖြင့် ထုတ်လုပ်နိုင်သည့် သံသတ္တုရိုင်းပမာဏနည်းပါးခြင်းနှင့် အသုံးပြုမည့် ကျောက်မီးသွေးကုန်ကြမ်းများ၏ အရည်အသွေးနိမ့်ခြင်းကြောင့် Romelt Process ကို ရွေးချယ်ခြင်းဖြစ်ကြောင်း၊ စက်ရုံ အမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် TPE အနေဖြင့် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြန်လည်ပြုပြင်ရေး အလုပ်ရုံတွင် စက်များတပ် ဆင်မည့်အခြေအနေ၊ အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံနှင့် Romelt Shop တို့တွင် ပြည်ပကျွမ်းကျင်ပညာရှင်အဖွဲ့မှ စစ်ဆေးဆောင်ရွက်နေမှု၊ စွန့်ပစ်အပူစွမ်းအင်သုံး ဘွိုင်လာ အား အမိုးတပ်ဆင်ဆောင်ရွက်နေမှု၊ ဆာလဖာလျှော့ချရေး အလုပ်ရုံတွင် Load Cell များ တပ်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၏ ဝန်ထမ်းများအသိပညာများ တိုးတက် စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေရန်တို့အတွက် အသိပညာမျှဝေသည့် အခမ်းအနားကို စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် MPRL E & P Group of Companies မှ Senior HR Manager များက လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ကော်ပိုရိတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင်က လူမှုတာဝန်သိလုပ်ငန်းများ၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စီမံကိန်းစီမံခန့်ခွဲမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အသိပညာများ ပြန်လည်မျှဝေဆွေးနွေးခဲ့သည့် MPRL E & P Group of Companies မှ Senior HR Manager နှင့်အဖွဲ့ကို အမှတ်တရလက်ဆောင်များပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်