နေပြည်တော် ဒီဇင်ဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သီရိရတနာ အဆင့်မြင့်ဈေးနှင့်  သရဖီဈေး၊ လူပျိုဆောင် / အပျိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးရှိ ဆိုင်ခန်းများနှင့် သဇင်(၁)နှင့် သဇင်(၃)အဆောင်များ အနီးတွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်ခန်းများ ခင်းကျင်းရောင်းချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သဇင်(၅)၊ သပြေ(၄)နှင့် သဇင်(၆) လူပျို / အပျိုဆောင်များ အနီးတွင် တန်ဖိုးသင့် စားသောက်ဆိုင်ခန်းများ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သဇင်(၂)နှင့် သပြေ(၆)အဆောင်အနီးတွင် ဆောက်လုပ်နေသော Food Shop ဆိုင်ခန်း(၄) ခန်းတွဲ (၂)လုံး ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦ များကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်နှင့် အချိန်မီ ပြီးစီးစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ သုခသိဒ္ဓိရပ်ကွက်ရှိ သရဖီဈေးသို့ရောက်ရှိပြီး ဈေးအတွင်း ကုန်စိမ်း/ ကုန်စုံဆိုင်များ ခင်းကျင်းဈေးရောင်းချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်