မောင်စာဂ

မျက်မှောက်ကမ္ဘာကြီးတွင် နှစ်စဉ် က္ဘာ့လူသား 5 ဒသမ 4 သန်းခန့် ဆေးလိပ်ကြောင့် သေဆုံးနေကြရကြောင်း က္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ထားသည်။ ကမ္ဘာ့ဆေးလိပ်၊ ဆေးရွက်ကြီးတိုက်ဖျက်ရေးနေ့ကိုလည်း နှစ်စဉ် မေလ 30 ရက်ကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီးကြောင့် နှစ်စဉ်လူပေါင်း 65651 ဦးသေဆုံးပြီး စုစုပေါင်းသေဆုံးသူဦးရေ၏ 17 ဒသမ 6 ရာ ခိုင်နှုန်းဖြစ်ကြောင်း က္ဘာ့ကျန်းမာရေးအဖွဲ့၏ SHEET 2018 MYANMAR တွင် ဖော်ပြထားသည်ကိုလည်း လေ့လာသိရှိရသည်။
ဤတွင် မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်သောက်သုံးခြင်းနှင့်စပ်လျဉ်း၍ မည်သို့ဥပဒေများ ပြဋ္ဌာန်းထားသနည်း။ မည်သို့ထိန်းချုပ်ထားသနည်း။ ဆေးလိပ်သောက်ခြင်းကြောင့် မည်သည့်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်သနည်း။ ဆေးလိပ်သောက်ခြင်းကို မည်သို့ဖြတ်ရမည်နည်း။ မျှဝေပါရစေ။

ဥပဒေပြဋ္ဌာန်းခြင်း
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ၂၀ဝ၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေ၏ထူးခြားချက်မှာ ပုဒ်မ ၁(ခ) တွင် ‘ဤဥပဒေသည်ထုတ်ပြန်ကြေညာပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့်နေ့ရက်မှစတင်၍ အာဏာတည်စေရမည်’ ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ဤသို့ပြဋ္ဌာန်းရခြင်းမှာ ဥပဒေကိုလိုက်နာကြရမည့် ပြည်သူတွေ လိုအပ်သည်များ ပြင်ဆင်နိုင်ရန် အချိန်ပေးခဲ့ခြင်းဖြစ်သည်။

ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက် 
ရည်ရွယ်ချက်မှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ ပြည်သူတွေ သိရှိနိုင်စေရန်နှင့် သောက်သုံးခြင်းမှရှောင်ကြဉ်စေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့်ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် ကျန်းမာရေးကိုထိခိုက်စေသည့် အ္တရာယ်မှ ကာကွယ်ရန်၊ ကလေးသူငယ်နှင့်လူငယ်များအပါအဝင် အများပြည်သူတို့ကို ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန်၊ ပြည်သူတို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်းမြင့်မားလာစေရန်၊ မြန်မာနိုင်ငံက လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်။
ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သည်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ဆေးလိပ်နှင့်ဆေးရွက်ကြီထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းထားရှိသည်။ ယင်းအဖွဲ့က ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ပုဒ်မ ၅ တွင်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကိုပုဒ်မ ၈ နှင့် တာဝန်ခံပုဂ္ဂိုလ်၏ လုပ်ငန်းတာဝန်များကိုပုဒ်မ ၉ တွင်လည်းကောင်း ပြဋ္ဌာန်းထားရှိသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းဆိုသည်မှာ
ဆေးလိပ်ဆိုသည်မှာ ဆေးရွက်ကြီးထွက်ပစ္စည်းအား မီးလောင်ကျွမ်းစေခြင်းဖြင့် ထွက်ပေါ်လာသော အခိုးအငွေ့ကို ရှူရှိုက်ရန်အလို့ငှာ တစ်နည်းနည်းဖြင့်စီမံထားသည့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် အလားတူ အခြားပစ္စည်းတစ်မျိုးမျိုးကိုဆိုသည်။ ဆေးရွက်ကြီးထွက်ပစ္စည်း ဆိုသည်မှာ ဆေးရွက်ကြီးပင်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ၊ အရွက်ကိုဖြစ်စေ၊ အရိုးကိုဖြစ်စေ သောက်ရန် သို့မဟုတ်သုံးရန်အလို့ငှာ ပြုပြင်စီမံထားသော ပစ္စည်းတစ်မျိုးမျိုးကို ဆိုသည်။

ထိန်းချုပ်အရေးယူခြင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ခြင်းကို စီမံခန့်ခွဲရေးနည်းလမ်းနှင့် ပြစ်မှုကြောင်းအရ တရားစွဲဆိုပြစ်ဒဏ်စီရင်ခြင်းနည်းလမ်းဟူ၍ ရှိသည်။ စီမံခန့်ခွဲရေးနည်းလမ်းမှာ ဆေးလိပ်သောက်ခွင့်မရှိသော နေရာများအဖြစ် သတ်မှတ်ထားသည့် ကျောင်းပရဝဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာ နှင့်အိမ်ခန်းများမှအပ သင်ကြားရေးအဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်း၊ ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးအဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံနှင့် စာသင်ခန်းများတွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် မီးညှိထားသောဆေးလိပ်ကိုကိုင်ဆောင်ခြင်း မပြုရပါ။ ပြုသူအား ပထမအကြိမ် ပညာပေးခြင်း၊ သတိပေးခြင်းနှင့် မိဘအုပ်ထိန်းသူတို့ကို အသိပေးခြင်း၊ ထပ်မံကျူးလွန်လျှင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူခြင်းခံရမည်။
ပြစ်မှုကြောင်းအရ တရားစွဲဆို အရေးယူဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပုဒ်မ ၁၁ မှ ၁၇ အထိတားမြစ်ချက်အများအပြားကို ပြဋ္ဌာန်းထားသည်။ အနှစ်ချုပ်ဖော်ပြပါမည်။
ဆေးလိပ်သောက်ခွင့်မရှိသော နေရာများဖြစ်သည့်ဆေးရုံပရဝဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာ နှင့် အိမ်ခန်းများမှအပ ဆေးရုံအဆောက်အအုံ၊ ရုံးခန်း၊ ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ ဆေးကုဂေဟာနှင့် ဆေးခန်းများ၊ အားကစားရုံနှင့် အမိုးအကာရှိ အားကစားကွင်းများ၊ ကလေးကစားရုံနှင့်ကစားကွင်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနှင့် အခြားပွဲကျင်းပပြသသည့် အဆောက်အအုံများ၊ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိ ဈေးရုံများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံးစာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့်ရွေ့လျားစက်လှေကားများ၊ ခရီးသည်ပို့ဆောင်ပေးသော မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ စသည်တို့တွင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် မီးညှိထားသည့်ဆေးလိပ်ကို ကိုင်ဆောင်ခြင်းမပြုရပါ။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းကို တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မည်သည့်နည်းဖြင့်မဆို ကြော်ငြာခြင်း၊ ထုတ်လွှင့်ခြင်း၊ ပြသခြင်း မပြုရပါ။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ်ပါသောပစ္စည်းကို အခမဲ့ဖြန့်ဖြူးခြင်း၊ ဝေငှခြင်း၊ လက်ဆောင်ပေးခြင်း၊ အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ပြပွဲ ကျင်းပနိုင်ရန်ဖြစ်စေ၊ အကျိုးပြုလုပ်ငန်းတစ်ခုခုကိုပြုလုပ်နိုင်ရန်ဖြစ်စေ၊ အထောက်အပံ့ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း မပြုရပါ။ လူအသုံးအဆောင်ပစ္စည်းတစ်ခုခုတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ်ဖော်ပြခြင်း မပြုရပါ။
ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း သတိပေးစာလုံးကို မဖော်ပြဘဲဖြစ်စေ၊ ဗဟိုအဖွဲ့က သတ်မှတ်ထားသော အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်ပစ္စည်း အာနိသင်ထက် လျော့ပါးပါဝင်သည်ဟု မမှန်မကန်ဖော်ပြပြီးဖြစ်စေ၊ အမှတ်တံဆိပ်မပါရှိဘဲဖြစ်စေ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်ဖော်ပြထားသော အခြားကုန်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဆေးလိပ်ပုံသ္ဌာန် ကစားစရာပစ္စည်း၊ အစားအသောက်ပစ္စည်း သို့မဟုတ် အသုံးအဆောင်ကိုဖြစ်စေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း မပြုရပါ။ကျောင်းပရဝဏ်အတွင်းနှင့် ကျောင်းပရဝဏ်မှပေ ၁၀ဝ အတွင်း ဆေးလိပ်ရောင်းခြင်း မပြုရပါ။ ကုန်ပစ္စည်းတစ်မျိုးကို ရောင်းချရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းကို သို့မဟုတ် ဆေးလိပ်နှင့်ဆေးလိပ်ကြီးထွက်ပစ္စည်းရောင်းရာတွင် အခြားကုန်ပစ္စည်းတစ်မျိုးကို ထပ်ဆောင်းပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ တွဲဖက်ပေးခြင်း၊ ဆေးလိပ်ကို ပစ္စည်းရောင်းစက်ဖြင့် ရောင်းခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူအား ရောင်းခြင်း၊ ပေးကမ်းခြင်း၊ ၁၈ နှစ်မပြည့်သေးသူကိုဆေးလိပ်ဖြန့်ဖြူး ရောင်းချရာတွင်ခိုင်းစေခြင်း၊ ၁၈ နှစ်မပြည့်သေးသူထံမှ ပစ္စည်းကို ဆေးလိပ်နှင့်လဲလှယ်ခြင်း၊ ဆေးလိပ်သောက်ခွင့်မရှိသောနေရာ သို့မဟုတ်ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာဖြစ်ကြောင်း ဖော်ညွှန်းထားသည့် စာတန်းနှင့် အမှတ်အသားများကို ဖျက်ဆီးခြင်းမပြုရပါ။
စီးကရက်ကို တစ်လိပ်ချင်းဖြစ်စေ၊ အလိပ် ၂၀ ထက်နည်းသော အထုပ်ဖြင့်ဖြစ်စေ ရောင်းခြင်းမပြုရပါ။ ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေး စာတန်းနှင့် ၁၈ နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းခြင်းမပြုကြောင်း အသိပေးစာတန်းကို ဆေးလိပ်ရောင်းသည့်နေရာတွင်မြင်သာစွာ ဖော်ပြထားရှိရန် ပျက်ကွက်ခြင်းမပြုရပါ။
မည်သူမဆို ဖော်ပြပါတားမြစ်ထားချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်ခဲ့သော် ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ပြစ်မှုအပေါ်အခြေခံ၍ သတ်မှတ်ထားသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရပါမည်။ 

ဆေးလိပ်နှင့် ပညာရှင်များအမြင်
ပါမောက္ခ ဒေါက်တာမောင်က သူ၏ ‘ဆေးလိပ်ဖြတ်ကြစို့’ ဟူသောဆောင်းပါးတွင် ‘ဆေးလိပ်ဟု ခေါ်ဆိုခြင်းမှာ မှားယွင်းနေကြောင်း၊ လက်ညှိုးလုံးအရွယ်ရှိသော အတောင့်ငယ်ကလေးတွင် မည်သည့်ဆေးဝါးမျှမပါရှိကြောင်း၊ ပြင်းထန်သောအဆိပ်များကိုသာ လိပ်ထားခြင်းဖြစ်ကြောင်း၊ အဆိပ်လိပ်ဟု ခေါ်တွင်သင့်ကြောင်း၊ ြွေမတစ်ကောင်၏အဆိပ်သည် ခေါင်းဘက်တွင်သာရှိကြောင်း၊ ဆေးလိပ်တစ်လိပ်သည်ရှူသွင်းသောအရင်းဘက်တွင် အဆိပ်ရှိနေသကဲ့သို့ အငွေ့များထုတ်လွှင့်နေသော အဖျားဘက်သည်လည်း အဆိပ်များကိုထုတ်ပေးကြောင်း၊ ဆေးလိပ်ငွေ့ကိုရှူမိသော အနီးအနားရှိသူများသည် ဆေးလိပ်သောက်နေသကဲ့သို့ အဆိပ်ငွေ့သင့်ကြရကြောင်း၊ အမြီးရောခေါင်းပါ အဆိပ်ရှိသြွေောမတစ်ကောင်နှင့်တူလှကြောင်း’ ရေးသားထားသည်မှာ အထူးမှတ်သားဖွယ်ရာဖြစ်သည်။

ဆေးလိပ်ဖြတ်ရန်မခက်ပါ
“ဆေးလိပ်ဖြတ်ရတာလွယ်ပါတယ်။ ကျွန်တော်ဆိုအခါတစ်ရာလောက်ဖြတ်ပြီးပြီ” ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးသည်။ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၏ စိတ်ပညာ ပါမောက္ခ Dr.Walter Mischel ၏ ၎င်းဆေးလိပ်ပြတ်သွားပုံကို ပါမောက္ခဒေါက်တာမောင်က သူ၏ဆောင်းပါးတွင် ဤသို့ ရေးသားဖော်ပြခဲ့သည်။
သူသည် နေ့စဉ် စီးကရက်သုံးဘူးအပြင် ဆေးတံကိုပါ သောက်သုံးနေသူဖြစ်သည်။ တစ်နေ့တွင် ဆေးရုံတစ်ခု၏ ခုတင်ပေါ် ၌ လူနာတစ်ဦးအား အမှတ်မထင် သတိပြုမိလိုက်သည်။ ထိုလူနာသည် ဦးခေါင်းဆံပင်ကိုပြောင်စင်အောင်ရိတ်ထားပြီး ကိုယ်ပေါ်တွင် အစိမ်းရောင်ကြက်ခြေခတ်အမှတ်အသားများ မှတ်သားထားသည်။ အဆုတ်ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ပေးရန် မှတ်သားထားခြင်းဖြစ်သည်။ ညှိုးငယ်သောမျက်နှာနှင့် ဘဝ၏နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေသော ထိုလူနာ၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင်စွဲမြဲသွားသည်။ Dr. Mischel သည် ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်သမျှကို သိရှိရန် လေ့လာတော့သည်။ မကြာမီ သူဆေးလိပ်ပြတ်သွားတော့သည်။ သူ၏အတွေ့အကြုံကို ပြန်လည်ပြောပြစဉ် Dr. Mischel သည် ဆေးလိပ်သောက်လိုသော ဆန္ဒဖြစ်ပေါ်လာလျှင် အသိတရားနှင့်တွဲဖက်ထားသော ထိုလူနာ၏ပုံရိပ်ဖြင့် အစားထိုးလိုက်ခြင်းဖြင့် ဖျောက်ဖျက်ပစ်နိုင်ကြောင်း ပြောပြသည်။

ဥပဒေနှင့်အညီ ထိရောက်စွာထိန်းချုပ်ကြပါ၊ အသိပညာလည်းပေးကြပါ
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေသည် သောက်သုံးမှုကို ထိန်းချုပ်ရန်အဓိကဦးတည်သည်။ ဥပဒေအရ သောက်သုံးသူများလိုက်နာရန် သောက်သုံးမှုနှင့်ဆိုင်သည့် တားမြစ်ချက်များ ပြဋ္ဌာန်းထားသကဲ့သို့ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများနှင့် စပ်လျဉ်း၍လည်း တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဤတွင်သောက်သုံးသူကိုသာမက ဥပဒေအတိုင်း လိုက်နာခြင်းမရှိသည့် ထုတ်လုပ်သူနှင့် လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများကိုပါ ဥပဒေနှင့်အညီ ထိန်းချုပ်အရေးယူရန်လိုအပ်သည်။ လက်တွေ့မြင်တွေ့နေရမှုများအရ အားနည်းနေသေးသည်။
မြန်မာနိုင်ငံတွင် တောရောမြို့ပါ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းကို စွဲစွဲလမ်းလမ်း သောက်သုံးနေကြသည်။ ငွေကြေးကုန်ကျမှုနှင့် ကျန်းမာရေးထိခိုက်ကြောင်း အမှတ်မထား၊ သတိမမူနိုင်သူများလည်း ရှိနေသေးသည်။ သိပင်သိသော်လည်း မဆင်ခြင်နိုင်ကြ။ သိရှိနားလည် လက်ခံဆင်ခြင်နိုင်အောင် ရှုထောင့်ပေါင်းစုံမှယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်အသိပညာပေးရန် လိုအပ်သည်။

ဆေးလိပ်ပြတ်အောင်ဖြတ်ကြမယ်
မည်သို့ဆိုစေ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ မဖြတ်ခြင်းသည် မိမိတို့တစ်ဦးချင်းစီပေါ်တွင် မူတည်သည်။ အများစုက ဆေးလိပ်သောက်ခြင်းသည် မကောင်းမှန်းသိပါ၏။ ကျန်းမာရေးကိုထိခိုက်စေသည်ကိုလည်း သိနေ၏။ သို့သော် ပြတ်အောင်မဖြတ်နိုင်၊ သောက်မြဲသောက်နေသည်။ စိတ်၏ချင်ခြင်းနှင့်အကျင့်ကိုပြင်နိုင်ရန်၊ ဖြတ်နိုင်ရန် ခက်ခဲကြသည်။ စင်စစ်တွင် ဆေးလိပ်သောက်ခြင်းသည် ရုပ်ခန ̈ာ၏တောင်းဆိုမှုထက် စိတ်၏ဆန ́အလိုသာဖြစ်သည်။ လူတစ်ဦးချင်း အနေဖြင့်မူ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ကိုထိန်းချုပ်ရန်သာ အဓိကဖြစ်သည်။
ငွေကြေးနှင့် ကျန်းမာရေးထိခိုက်စေပြီး မည်သို့မျှအကျိုးမရှိသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသောက်သုံးမှုကို ထိန်းချုပ်ရန် အရင်းခံပဓာနမှာ သောက်သုံးသူတစ်ဦးချင်းစီက မိမိတို့၏ စိတ်ကို ပိုင်နိုင်စွာထိန်းချုပ်ကြရမည် ဖြစ်ကြောင်းပါ။
“ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်းကင်းဝေး၍ ပြည်သူတို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း မြင့်မားလာကြပါစေ”
 “ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကိုဖန်တီးခြင်းဖြင့် ကျန်းမာရေးကိုထိခိုက်စေသည့် အ္တရာယ်မှကာကွယ်နိုင်ကြပါစေ”
 “ဥပဒေနှင့်အညီ ထိရောက်စွာထိန်းချုပ်ခြင်းဖြင့်ဥပဒေပါရည်ရွယ်ချက်များကို ပြည့်ဝအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေ” ကြေးမုံ

 

MSG