နေပြည်တော် ဒီဇင်ဘာ ၁၆
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရ အသိအမှတ်ပြု Myanmar GDE Consortium တည်ထောင် ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက ဒေသတွင်း နိုင်ငံများအတွက်ပါ အရေးပါကြောင်း၊ အလားတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးပါကြောင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသား စီးပွား ရေး လုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံရှိပြီး အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Myanmar GDE Consortium ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာကို နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက လျှောက်ထားလာသည့် မြန်မာ ကုမ္ပဏီများ၏ အဆိုပြုလျှောက်လွှာများ စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် မူဝါဒလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်