ကိုင်ရို၊ ဒီဇင်ဘာ ၁၈
လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ အဗ္ဗဒယ် ဖာတာအယ်စီစီသည် ခိုင်လုံမဲ ၈၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း အီဂျစ်အမျိုးသားရွေးကောက်ပွဲ အာဏာပိုင် (အင်န်အီးအေ) က ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာထားသည်။
မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၇ သန်းမှ မဲပေးသူ ၆၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း မြို့တော်ကိုင်ရို၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အီဂျစ်အမျိုးသားရွေးကောက်ပွဲအာဏာပိုင်က ပြောကြားသည်။
အီဂျစ်နိုင်ငံ၌ မဲပေးခြင်းကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိကျင်းပခဲ့ပြီး နိုင်ငံရပ်ခြားမှ အီဂျစ် နိုင်ငံသားများက ၎င်းတို့၏ မဲပေးခြင်းကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံပေါင်း ၁၂၁ နိုင်ငံတွင် မဲပေးကြကြောင်း သိရသည်။ အီဂျစ်နိုင်ငံ၌ သမ္မတဆိုင်ရာ ရွေးကောက်ပွဲအတွက် လေးဦးဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။
ဆင်ဟွာ