နေပြည်တော်၊ ဒီဇင်ဘာ ၁၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးနှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရေးအတွက် ဌာနနှင့်ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ်ချက် ထုတ်လုပ်မှု ဟန်ချက်ညီ ဖြစ်စေရေး၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ချောများ အားကောင်းလာစေရန်၊ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAHP-ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု  သော ဈေးကွက် စံချိန်စံညွှန်းမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ မွေးမြူရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)