နေပြည်တော်၊ ဒီဇင်ဘာ ၁၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဒီဇင်ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြားရှိ GI ကားဂိတ်၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်
Lenovo Intel Laptop (၁၈)လုံး အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၂၀၀,၀၀၀)ကို ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၁၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာ၌ လိုင်စင်မဲ့ Nissan Elgrand မော်တော်ယာဉ်(၁)စီးနှင့် Mitsubishi Elardis မော်တော်ယာဉ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ တရားမဝင် အခြားသစ် (၁၁ ဒသမ ၅၆၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၃၅,၄၇၀)နှင့် Kamax သုံးဘီး မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) ကိုလည်းကောင်း၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၌ တရားမဝင် အခြားသစ်(၀ ဒသမ ၅၃၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇,၂၀၀)ကိုလည်းကောင်း၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့၌ အခြားသစ် (၂ ဒသမ ၄၂၁)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၄,၀၂၆)ကိုလည်းကောင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့၌ အခြားသစ် (၁ ဒသမ ၂၄၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆,၆၇၄)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၇၃,၃၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်၊ စခတ(၈) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Volvo အမျိုးအစား စက်ယန္တရားယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ကန့်ဘလူမြို့နယ် အတွင်း၌ လိုင်စင်မဲ့ Molisa 125 မော်တော်ဆိုင်ကယ်(၁)စီးနှင့် INXINAG 125 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀,၄၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၂,၃၇၃,၃၇၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)