ရန်ကုန်  ဒီဇင်ဘာ  ၁၉

 

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ(၄)ရက်နေ့မှစ၍‌ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေပြည်သာမြို့နယ် ရပ်၊ကျေး (၁၃) ခုမှ ပြည်သူ(၅၁၄) ဦး၊ ပုဇွန်တောင်မြို့နယ် ရပ်ကွက် (၆) ခုမှ ပြည်သူ (၄၁၁) ဦး၊ ဒလမြို့နယ် ရပ်၊ကျေး (၂၀)မှ ပြည်သူ (၄၆၂) ဦး၊ အလုံမြို့နယ် ရပ်ကွက် (၁၁) ခုမှ ပြည်သူ (၆၂၆) ဦး၊ စုစုပေါင်းပြည်သူ (၂၀၁၃) ဦး တက်ရောက်၍ လက်တွေ့ စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

 

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ(၂၀)ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ဒလမြို့နယ်နှင့် အလုံမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)