တိုကျို   ဒီဇင်ဘာ   ၁၉

ဂျပန်နိုင်ငံ     အနောက်ပိုင်းမှ မြောက်ပိုင်းတစ်ခွင်    ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်  ကြာသပတေးနေ့မှ သောကြာနေ့အထိ  ဆီးနှင်းများထူထပ်စွာ   ကျဆင်းနိုင်ကြောင်း     ဂျပန် မိုးလေဝသအရာရှိများက   သတိပေးထားသည်။

သတိထားနေထိုင်ရန်တိုက်တွန်း

ဆောင်းရာသီ၏   ပထမဆုံးဆီးနှင်းများ   ထူထပ်စွာကျဆင်း ခြင်းသည် ဂျပန်နိုင်ငံ  အနောက်ပိုင်း ကို ရိုက်ခတ်နိုင်သောကြောင့် ဒေသခံများကို နောက်ဆုံးမိုးလေဝသ သတင်းအချက်အလက်များကို   သတိမပြတ်ထားနေထိုင်ကြရန်    မိုးလေဝသအရာရှိများက တိုက်တွန်းထားသည်။

ဆောင်းရာသီ လေထုဖိအားပုံစံသည် အအေးလှိုင်းများကြောင့် အင်အားပိုမိုကောင်းလာမည်ဟု မျှော်လင့်ထားကြောင်း  အထူးသဖြင့်       ကြာသပတေးနေ့မှ သောကြာနေ့အထိ   အင်အားပိုမို ကောင်းလာမည်ဟု     မျှော်လင့်ကြောင်း     ဂျပန်မိုးလေဝသ အေဂျင်စီက ပြောသည်။

ရာသီဥတုပြင်းထန်မည်

ဂျပန်နိုင်ငံ  အနောက်ပိုင်းမှ မြောက်ပိုင်းအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက် ဆီးနှင်းများနှင့်အတူ လေအေးများ တိုက်ခတ်ပြီး ရာသီဥတုပြင်းထန်နိုင်ကြောင်း    ဂျပန်မိုးလေဝသ အေဂျင်စီက ပြောသည်။

မျှော်မှန်းထားသည်ထက် ဆီးနှင်းတိမ်တိုက်များ ပိုမိုဖြစ်ပေါ်လာပါက  အထူးသဖြင့် ကင်ကီ၊ ချူကိုဂူ နှင့် မြောက်ပိုင်း ကျူရှုဒေသများနှင့်  တိုကိုင်းဒေသတချို့တွင် ဆီးနှင်းများ   ထူထပ်စွာကျဆင်း နိုင်သည်။

ဆီးနှင်းများပိုမိုကျဆင်းမည်

ကြာသပတေးနေ့မှ သောကြာနေ့အထိ ၂၄ နာရီအတွင်း ဆီးနှင်းများသည် ဟိုကူရီကူ၊ ကင်ကီ၊ ချူဂို ကူဒေသများနှင့်  နီအီဂါတာခရိုင် များတွင် ၂၀  စင်တီမီတာမှ   ၄၀ စင်တီမီတာအထိ ကျဆင်းမည်ဟု မျှော်မှန်းထားပြီး နာဂါနိုခရိုင်တွင် ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာအထိ    ကျဆင်းနိုင်ပြီး    ကျူရှူးမြောက်ပိုင်းတွင် ၅ စင်တီမီတာမှ ၁၀   စင်တီမီတာအထိ   ကျဆင်းနိုင်သည်။     ဆီးနှင်းများ သည် အဆိုပါဒေသများတွင် အခါတိုင်းထက်    ပိုမိုကျဆင်းနိုင်ကြောင်း မိုးလေဝသအေဂျင်စီက    ပြောသည်။

ဆက်လက်သတိပေးထား

ဆီးနှင်းထူထပ်စွာ  ကျဆင်းခြင်းနှင့် လမ်းများရေခဲများဖုံးလွှမ်းခြင်းက ယာဉ်များသွားလာမှုကို နှောင့်နှေးကြန့်ကြာစေကြောင်း မိုးလေဝသအရာရှိများက  ပြောသည်။    ထို့ပြင်      လေပြင်း တိုက်ခတ်မှုများ၊ လှိုင်းကြီးမှုများ၊ လျှပ်စီးလက်ခြင်းများ၊   လေဆင်နှာမောင်းတိုက်ခတ်ခြင်းများ၊ လျှပ်စစ်မီးပြတ်တောက်ခြင်းများ    ဖြစ်ပေါ်နိုင်ကြောင်း ၎င်း တို့က ဆက်လက်သတိပေးထားသည်။ 

အင်န်အိတ်ချ်ကေ