ရေဂျာဗစ် ဒီဇင်ဘာ ၁၉
အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ ရက်က မီးတောင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် နှစ်လခန့်အကြာတွင် အဆိုပါ မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုမှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ဂရင်ဒါဗစ်ခ်မြို့၏ အရှေ့မြောက်ဘက် လေးကီလို မီတာခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသအာဏာပိုင်များက ပြောသည်။ အိုက်စ်လန်နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသအချို့တွင် အောက်တိုဘာလနောက်ပိုင်း ငလျင်လှုပ်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ငလျင်လှုပ်မှုများကြောင့် မြေပြင်နှင့်လမ်းများတွင် အက်ကွဲကြောင်းများနှင့် လိုဏ်ဂူကဲ့သို့ အပေါက် များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးတောင်ပေါက်ကွဲနိုင်သည့် အလားအလာရှိသည့်အတွက် အိုက်စလန်အာဏာပိုင်များက နိုဝင်ဘာ ၁၀ ရက်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ခဲ့သည့်အပြင် ဧရိယာအတွင်း ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ခဲ့သည်။ ဂရင်ဒါဗစ်ခ် ဒေသခံ ၄၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် အိုက်စလန်ရှိ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ကာ ကြီးမားသော ပြာမီးခိုးလုံးများ လေထုထဲသို့ ပန်းထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြာမီးခိုးလုံးကြီးများက လေယာဉ်အင်ဂျင် များအား ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ဥရောပတစ်ဝန်း လေယာဉ်ခရီးစဉ် ၁၀၀၀၀၀ ကျော် ကို ရက်များစွာကြာ ရပ်နားထားခဲ့ရသည်။
အင်န်အိတ်ချ်ကေ