တိုကျို     ဒီဇင်ဘာ      ၁၉

အာရှဒေသတွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်ရေးအတွက် ဂျပန်နိုင်ငံက ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်ကီရှီဒါက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံမှ နည်းပညာများကို အသုံးပြု၍ ကြိုးပမ်း ဆောင်ရွက်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အေဇက်အီးစီဟု အမည်ရသည့် အာရှဒေသ  ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်ရေး အသိုက်အဝန်းဆိုင်ရာထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံ များမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ဂျပန်တာဝန်ရှိသူများ ဆွေးနွေးရာတွင် ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခြင်းဖြစ်သည်။

 အာရှဒေသတွင် ကာဗွန်ဓာတ်ငွေ့ကင်းစင်ရေးသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသဖြင့် ၎င်းအရေးကို တီထွင်ဆန်းသစ်သည့်နည်းလမ်းများဖြင့် ကျော်လွှားရမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်ရေး ဆောင်ရွက် ရာတွင် နိုင်ငံများအလိုက်  သီးခြားပုံစံများဖြင့်  ဆောင်ရွက်ရေးအတွက်  ၎င်းထိပ်သီး ဆွေးနွေးပွဲ တက်ရောက်သည့် နိုင်ငံများအကြား သဘောတူညီ ခဲ့သည်။ အာရှဒေသ ကာဗွန်ဓာတ် ငွေ့ထုတ်လွှတ်မှုကင်းစင်ရေးစင်တာကို အင်ဒိုနီးရှားနိုင်ငံတွင် တည်ထောင်ပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်ရေးဆိုင်ရာ မူဝါဒ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် သုတေသနပြုမှုများကို အထောက်အကူပြု ဆောင်ရွက်ရေးအတွက် ယခုထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့်  နိုင်ငံများအကြား သဘောတူညီခဲ့သည်။                                   

ကိုးကား -အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ