ဒီဇင်ဘာ ၂၀
ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၁၇၄ ဦးရှိလာသည်ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
ရေကြီးရေလျှံမှုနှင့် ဆက်စပ်ဖြစ်ပွားသည့် မြေပြိုမှုများကြောင့် လွန်ခဲ့သောသုံးရက်က ခြောက်ဦးသေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
နိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ၃၈ ခုတွင် အောက်တိုဘာလမှစတင်တာ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် နေအိမ်များမျောပါသွားခြင်း၊ လယ်ယာမြေများရေမြုပ်သွားခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံ၏အရှေ့တောင်ဘက်ရှိ တာနာမြစ်နှင့် လာမူခရိုင်တို့တွင် ရေကြီးရေလျှံမှုဒဏ်အများဆုံးခံရကြောင်းနှင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုသည် အောက်တိုဘာလကစတင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိတိုင် ဆက်လက် ရွာသွန်းမည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို