ဒီဇင်ဘာ ၂၀
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၂ ပမာဏရှိငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၇၈၂ ဦး အထိမြင့်တက်လာပြီး ယနေ့မနက် ၉ နာရီအထိ သေဆုံးသူ ၁၁၃ ဦး ရှိလာကြောင်း ယနေ့မနက်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ချင်းဟိုင်ပြည်နယ်တွင် ၁၈ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ချင်းဟိုင်ပြည်နယ်တွင် ဒဏ်ရာရရှိသူ ၁၉၈ ဦး ရှိပြီး အခြား ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
ထိုငလျင်သည် ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီ ၅၉ မိနစ်က မြေအောက်အနက် ကီလိုမီတာ ၁၀ တွင် ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို