မိတ္ထီလာ၊ ဒီဇင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မီတ္ထီလာ-မြင်းခြံလမ်းမှ ရေချို-ဘူတာရွာသာလမ်းအား ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာ(၄)ရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မိတ္ထီလာ-မြင်းခြံလမ်းမှ ရေချို-ဘူတာရွာသာလမ်းအား ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် လမ်းအရှည် (၁ ဒသမ ၂၀၆ ကီလိုမီတာ)အား (50mm-100mm) ခွဲကျောက်ဖြင့် (4.88m)အကျယ် (150mm)ထုခင်း၍ (3.66m) အကျယ် (375mm)ထု ကတ္တရာခင်းခြင်းလုပ်ငန်းအား H Double H Capital Company မှ တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဇူလိုင်လမှ စတင်ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။ 

 

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရေချို(အရှေ့)၊ ရေချိုသန်းကုန်း၊ ရေချိုရွာမ၊ ရွာသာကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)