မြစ်ကြီးနား ဒီဇင်ဘာ ၂၀

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုအား ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် (၃၀×၂၀) ပေသွပ်မိုး၊ ထရံကာနေအိမ် (၁)လုံး၊ (၁၈×၂၀)ပေ သွပ်မိုး ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် (၃)လုံး စုစုပေါင်း နေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင်အား အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)