နေပြည်တော် ဒီဇင်ဘာ ၂၀
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း သည် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများသို့ သွားရောက်စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာနှင့်အတူ လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့စီးပွားရေး ဘဏ်သည် အစိုးရအဖွဲ့အစည်းများနှင့် ဘဏ်နှင့်ဆက်သွယ်လာသူ ပုဂ္ဂလိကများသို့ ဘဏ်လုပ် ငန်းဝန်ဆောင်မှုများကို ခေတ်အဆက်ဆက် ယုံကြည်စိတ်ချစွာ ဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင် ဘဏ်ကြီးဖြစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ၊ ငွေစုဘဏ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ဂရုတစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဘဏ်နှင့်ဆက်သွယ်လာသူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် ပင်စင် လစာထုတ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးမှာကြား၍ ဝန်ထမ်း များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့်အတူ လယ်ဝေးမြို့နယ်အခွန်ဦးစီးဌာနမှုးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန် ရငွေများ တိုးမြင့်ကောက်ခံရရှိနိုင်ရေးအတွက် အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန် ကောက်ခံနိုင်သည့်အခွန်အခြေ တိုးချဲ့ဖော်ထုတ်နိုင်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ တိုးတက်လာသည့် နည်းပညာများကိုအသုံးပြု၍ အခွန် တိုးချဲ့ကောက်ခံနိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်း များ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် တောင်သူ များ၏ ချေးငွေလိုအပ်ချက်များကို အဓိကဖြည့်ဆည်းပေးနေသော မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၏ အဓိကတာဝန်နှစ်ရပ်မှာ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေးချေးငွေများကို ထုတ်ချေးရန်နှင့် သတ်မှတ်ကာလအတွင်း ပြန်လည် ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက်နိုင်စေရန် ကြွေးဟောင်း ပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း၊ ကြွေးဟောင်းများ ကောက်ခံရရှိရေးအတွက် နယ်မြေဒေသအုပ်ချုပ်မှုအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်