ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်အား ဒီဇင်ဘာ (၄) ရက်မှစ၍ ခရိုင်နယ်မြေ များအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ဒီဇင်ဘာ (၂၀) ရက်တွင် ပုဇွန်တောင်မြို့နယ် ရပ်ကွက် (၄) ခုမှ ပြည်သူ (၃၇၃) ဦး၊ ဒလမြို့နယ် ရပ်၊ကျေး (၂၇) ခုမှ ပြည်သူ (၄၅၃) ဦး၊ အလုံမြို့နယ်ရပ်ကွက် (၁၁) ခုမှ ပြည်သူ (၆၁၇) ဦး၊ စုစုပေါင်းပြည်သူ (၁၄၄၃) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ (၄) ရက်မှ (၂၀) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် (၂၄) ခုတို့မှ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၂၁၇၆၉) ဦး တက်ရောက်လက်တွေ့စမ်းသပ် မဲပေး လေ့လာ ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်အား ဒီဇင်ဘာ (၂၁) ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်