လာရောက်ကြည့်ရှုသူ ၃ သန်းကို ဆွဲဆောင်ခဲ့သည့် ယခုလအတွင်း ပြင်သစ်နိုင်ငံတွင် ဂျပန်ယဉ်ကျေး မှုမြှင့်တင်ရန်ကျင်းပသည့် ပြပွဲတစ်ခုမှာ ပြီးဆုံးတော့မည်ဖြစ်သည်။

ဂျပန်နှင့် ပြင်သစ်နိုင်ငံကြား နှစ်ပေါင်း ၁၆၀ ကြာခဲ့ပြီဖြစ်သည့် ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ်ကျင်းပ သည့် Japonisms 2018 ပြပွဲကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖွင့်လှစ်ခဲ့သည်။
၁၈ ရာစု အနုပညာရှင်တစ်ဦးဖြစ်သည့် အိုင်တိုဂျာကူချု၏ ပြပွဲတစ်ခုအပါအဝင် အစီအစဉ်ပေါင်း ၇၀ ကျော်ကို စီ စဉ်ကျင်းပခဲ့သည်။ ဂျပန်ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် မီးအရောင်စုံဖြင့် အီဖဲမျှော်စင်ကို မီးထွန်းညှိခဲ့သည်။
ပြပွဲ အောင်မြင်စွာ ပြီးဆုံးခြင်းနှင့် ပိတ်သိမ်းခြင်းအခမ်းအနားကို ပါရီမြို့တော်ရှိ ဂျပန်သံအမတ်ကြီး၏ နေအိမ်၌ ယမန်နေ့က ကျင်းပခဲ့သည်။
ဂျပန်နှင့်ပြင်သစ်ကြား ပြပွဲအခမ်းအနားကျင်းပမှုမှတစ်ဆင့် ဖွဲ့စည်းခဲ့သည့်ကွန်ရက်များက ခိုင်မာအားကောင်း လာပြီး ချစ်ကြည်ရင်းနှီးမှု တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ဂျပန်ဖောင်ဒေးရှင်းဥက္ကဌ ဟီရိူယာဆူအန်ဒို က ပြောကြားသည်။
နှစ်နိုင်ငံကြားမျှဝေထားသည့် စိတ်ဓာတ်အားမာန်က နှစ်ပေါင်းများစွာ ခိုင်မြဲမည်ဟုမျှော်လင့်ကြောင်း ပြင်သစ် အဆင့်မြင့်အရာရှိ မော်ရိုက်ဂွာဒေါက်မွန်တက်နီက ပြောကြားသည်။
ပန်းချီဆရာ ဖူဂျီတာ၏ ပြပွဲကို လက်ရှိအချိန်တွင် ပါရီမြို့တော်၌ ကျင်းပလျက်ရှိသည်။ ဖူဂျီတာမှာ ၂၀ ရာစု အစောပိုင်းမှစ၍ ပါရီမြို့တော်၌ နေထိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင် နာမည်ကောင်းရရှိခဲ့သူဖြစ်သည်။
ပြပွဲကြောင့် ဂျပန်ယဉ်ကျေးမှုကို ခံစားနားလည်နိုင်စွမ်းရှိလာကြောင်း ပြပွဲလာ အမျိုးသမီးတစ်ဦးက ပြောကြား သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်