ရန်ကုန်၊ ဒီဇင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင် နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှည်းကူးမြို့နယ် ရပ်၊ ကျေး (၂၈) ခုမှ ပြည်သူ (၇၈၆) ဦး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရပ် ၊ကျေး (၁၆) ခုမှ ပြည်သူ (၄၀၅) ဦး၊ ကွမ်းခြံကုန်းမြို့နယ် ရပ်၊ ကျေး (၇) ခုမှ ပြည်သူ (၄၈၄) ဦး၊ ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက် (၁၁) ခုမှ ပြည်သူ (၅၀၇) ဦး စုစုပေါင်းပြည်သူ (၂၁၈၂) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြသည်။

 

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၂၂) ရက်တွင် လှည်းကူးမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn