နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိ မြို့မဈေးအတွင်းသို့ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မုန်းမြို့ရှိတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းတစ်ခန်းမှ ဂတ်စ်အိုးပေါက်ကွဲသဖြင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၃၈ ခန်းရှိသည့်အနက် ၂၁၀ ခန်း မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်း ကျန်းသူများ၏ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။
ယခုဖြစ်စဉ်တွင်လည်း ဒေသခံပြည်သူများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေးဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် တပ်မတော်မှ ပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်