နေပြည်တော် ဒီဇင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
ယနေ့နံနက် ၇နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၄၀၀အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ၄၀၀အပြေးပြိုင်ပွဲ၊ အမျိုးသား အလျား ခုန်ပြိုင်ပွဲ၊ အမျိုးသမီးအလျားခုန်ပြိုင်ပွဲ၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ များကိုကျင်းပကြရာ အမျိုးသား မီတာ ၄၀၀အပြေးပြိုင်ပွဲတွင် မောင်မြမိုးအောင်(မြစ်ကြီးနား)က ပထမ၊ မောင်အောင်ပိုင်စိုး(ရန်ကင်း)က ဒုတိယ၊ မောင်ဝေဖြိုးအောင်(တောင်ကြီး)က တတိယ ရရှိကြသည်။
အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် မဆန်ဒေါင်းဇိတာရီ (မြစ်ကြီးနား)က ပထမ၊ မဝင်းနေခြည်(ဘားအံ)က ဒုတိယ၊ မမိုးဝသန်ထက်(ရန်ကင်း)က တတိယရရှိပြီး အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် မောင်ဟိန်းထက်(ပခုက္ကူ)က ပထမ၊ မောင်နိုင်ထက်ဦး(ထားဝယ်)က ဒုတိယ၊ မောင်မင်းစောချစ်(မြစ်ကြီးနား)က တတိယရရှိကြသည်။ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ တွင် မဖူးငုံ(ရန်ကင်း)က ပထမ၊ မဆုပြည့်ပြည့်ဦး(ထားဝယ်)က ဒုတိယ၊ မနန်းအေးအေးမိုး (ဘားအံ)က တတိယရရှိကြသည်။
အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး(ဘားအံ)က ပထမ၊ မောင်မင်းဇင်ဟိန်း (ပုသိမ်)က ဒုတိယ၊ မောင်ပြည့်စုံအောင်(၁)(ဘိုကလေး)က တတိယရရှိကြပြီး အမျိုးသမီးသံလုံး ပစ်ပြိုင်ပွဲတွင် မသီသီဟန်(မကွေး)က ပထမ၊ မဇူးဇူးအောင်(ဘိုကလေး)က ဒုတိယ၊ မပန်ဆုဝေ (တောင်ကြီး)က တတိယဆုများကိုရရှိကြရာ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိ သူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှစတင်၍ မန္တလေးဇုန်(အထက် မြန်မာပြည်)၊ ရန်ကုန်ဇုန်(အောက်မြန်မာပြည်)တို့၌ ဇုန်အလိုက်ကစားခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်နေရာများ၌ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံတွင် အမျိုးသား၊အမျိုးသမီးဘောလီဘောပြိုင်ပွဲကို ယှဉ် ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေး(က)အသင်းက ရန်ကုန်(ခ)အသင်းကို ၃ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်(က)အသင်းက မန္တလေး(ခ)အသင်းကို ၃ပွဲပြတ်ဖြင့်လည်း ကောင်း အနိုင်ရရှိကြပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်(က)အသင်းက မန္တလေး(ခ) အသင်းကို ၃ပွဲပြတ်ဖြင့် အနိုင်ရရှိကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစား ကြရာ ရန်ကုန်(ခ)အသင်းက မန္တလေး(က)အသင်းကို ၂ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေး(ခ) အသင်းက ရန်ကုန်(က)အသင်းကို ၂ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် အမျိုးသားဘောလုံးပြိုင်ပွဲ များကို ယှဉ်ပြိုင်ကစားကြရာ မန္တလေး(က)အသင်းက ရန်ကုန်(ခ)အသင်းကို ၃ဂိုး ၂ဂိုးဖြင့် လည်းကောင်း၊ မန္တလေး(ခ)အသင်းက ရန်ကုန်(က)အသင်းကို ၁ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်