နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီအချိန်တွင် မိုးဇလမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် ထုတ်ပြန်ထားသည်။

 

မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း သတင်းထုတ်ပြန်းထားသည်။

 

ယင်းကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွခြေင်းများစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။

 

MDN