ကျောက်ပန်းတောင်း၊ဒီဇင်ဘာ-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းရာသီ သီးနှံအဖြစ် ချောင်းကြက်သွန်/ ကုန်းကြက် သွန် များ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရပြီး၊ ကြက်သွန်ဈေး ကောင်းမွန်သဖြင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုးများပြားကြောင်းနှင့် ကြက်မောက်တောင်ဆည်ဝန်းကျင်ကျေးရွာများ၊ ပင်းချောင်းလွင်ပြင်ကျေးရွာများနှင့် ပုပ္ပားတောင်မကြီးမြောက်ဘက်ဒေသကျေးရွာအချို့တို့တွင် ကြက်သွန်စိုက်တောင်သူများလုပ်ငန်းခွင် ဝင်ရောက်နေ ကြပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များကို ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ မုန်ကုန်း၊ ညောင်ချိုင်း(တောင်)၊ညောင်ချိုင်း(မြောက်)၊ စည်ပင်သာ၊ ကိုင်းနှင့် ညောင်ပင်သာ ကျေးရွာများတွင် စိုက်ပျိုးကြကြောင်းနှင့် ပင်းချောင်းဝန်းကျင်ကျေးရွာများဖြစ်သည့် ရေဆုံး၊ စည်ပင်၊ မလွှကုန်း၊ ကျွဲကူး၊ ဥယျာဉ် အစရှိသည့်ကျေးရွာများတွင် စိုက်ပျိုးကြသည့်အပြင် ပုပ္ပားတောင်မကြီး မြောက်ဘက်ရပ်ဝန်းဒေသ ရှိ ကျေးရွာများဖြစ်သော စိတ္ထိန်းတောင်၊ စိတ္ထိန်းမြောက်၊ ခံကုန်း၊ ဆုံကုန်း၊ ကျားနေအိုင့်၊ လယ်ကြီး အစရှိသည့် ကျေးရွာများ တွင် လည်း အများအပြား စိုက်ပျိုးကြကြောင်းသိရသည်။ ကြက်သွန် စိုက်ပျိုးရန်အတွက် ကြက်သွန်စိုက်တောင်သူ များက သီတင်းကျွတ် လပြည့်ကျော်သည့်အချိန်မှ စတင်၍ ကြက်သွန်မျိုးစေ့ဝယ်ယူ ပျိုးထောင်ကြရကြောင်းသိရပြီး၊ အချို့ တောင်သူ များကမူ မျိုးစေ့ကို ကိုယ်တိုင်စုဆောင်း ထားရှိကြောင်းသိရသည်။ ပျိုးထောင်ချိန်တွင် စိတ္ထိန်း(တောင်)/(မြောက်) ကျေးရွာများ မှ ဒေသအခေါ် ကျော်မင်းမျိုးနှင့် စဉ့်အိုးမျိုးများကို မျိုးစေ့ တစ်ပြည်လျှင် ငွေကျပ်(၁)သိန်းခန့်ပေးဝယ်ယူကြရကြောင်းနှင့် မြစ်သားမြို့နယ်မှ လာသည့် မြစ်သားမျိုးရင်း (၁)ပြည်လျှင် ငွေကျပ် ၁၂၀၀၀၀ ခန့် ပေးဝယ်ယူခဲ့ရကြောင်း သိရသည်။ ကြက်သွန်တစ်ခုံလျှင် အရှည် ၁၀ ပေမှ ပေ ၂၀ ခန့်ရှိ၍ အကျယ်မှာ ၄ပေ ခန့်ရှိကြောင်းနှင့် ၎င်းပေါင်ပေါ်တွင် ကြက် သွန်တစ်တန်းနှင့် တစ်တန်း တစ်ထောင့်ထွာ အကွာစိုက်ပျိုးကြပြီး အလယ်တွင် မျိုးယူမည့် ဥ ကို ထည့်သွင်းစိုက်ပျိုးကြ ကြောင်းသိရသည်။ ကြက်သွန်း စိုက်ပျိုးချိန် တွင် နေ့စားအလုပ်သမားခမှာ တစ်နေကုန် ကျပ် ၆၀၀၀ ဖြစ်ပြီး၊ ကြက်သွန်ခင်း တွင် အဓိက အသုံးပြုသည့် သဘာဝမြေဩဇာဖြစ်သော နွားချေးမှာ ထော်လာဂျီတစ်စီးတိုက်ကို ကျပ် ၆၀၀၀၀ ပေးရကြောင်း နှင့် ငုံးချေးမှာ တစ်တင်းခွဲဝင်အိပ်တစ်လုံးလျှင် ၉၀၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။ ကြက်သွန်စိုက်ခင်း တစ်ဧကစာအတွက် အသုံးပြုသည့် သဘာဝမြေဩဇာမှာ နွားချေး ၅ စီး၊ ဖော့်စဖိတ်မြေဩဇာ တစ်လုံးနှင့် ငုံးချေး ၁၀ အိပ်ခန့်အသုံးပြုရကြောင်း သိရသည်။
ကြက်သွန်းဈေးမှာ ယမန်နှစ်က ပေါ်ဦးပေါ်ဖျား တစ်ပိသာ ကျပ် ၅၀၀ မှ တစ်ထောင်ကျော်အထိ ဈေးရှိခဲ့ပြီး ယခု အချိန်တွင် တစ်ပိသာကျပ် ၃၅၀ကျပ် ဖြစ်ကြောင်းသိရပြီး၊ ကြက်သွန်ဈေးကောင်းသဖြင့် စိုက်ပျိုးသူ ပိုမိုများပြား လာကြောင်း နှင့် စိတ္ထိန်းတောင်ကျေးရွာနှင့် စိတ္ထိန်းမြောက်ကျေးရွာ ၂ ရွာမှာပင် စိတ္ထိန်းချောင်းပြင်အတွင်း စုစုပေါင်း ဧက ၁၃၀၀ ခန့် စိုက်ပျိုး ထားရှိကြောင်းနှင့် နှစ်စဉ် ကြက်သွန်ပိသာချိန် ၃သိန်းကျော် ထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူ ဦးဟံထွန်းက ပြောသည်။
နေအောင်(ပြန်/ဆက်)