နေပြည်တော် ဒီဇင်ဘာ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၊ စဉ့်ကိုင်မြို့၊ တံတားဦးမြို့နှင့် မြစ်သားမြို့ (၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ်(၁၀၀)ပြည့် အခမ်း အနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျောက်ဆည်မြို့ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးနှင့် ရွှေကျင် နိကာယဗဟိုဌာနဆရာတော်ကြီးများ၊ တိုင်းသံဃာ့နာယကဆရာတော်ကြီးများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးနှင့် မြစ်သား (၄)မြို့နယ် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက် ဆရာတော်ကြီးများ ကြွရောက်တော်မူကြမည်ဖြစ်သည်။
(၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ်(၁၀၀)ပြည့် အခမ်းအနားကို ကျောက်ဆည်မြို့နယ် သံဃာ့နာယကရွှေကျင်အဖွဲ့မှဦးဆောင်ပြီး ၃ ရက်တိုင်တိုင် ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး နေ့ပိုင်းတွင် ဝိနည်းစာပြန်ပွဲများ၊ ညပိုင်းတွင် တရားပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွှေကျင်နိကာယ ရာပြည့်အထိမ်း အမှတ် မဂ္ဂဇင်းထုတ်ဝေသွားမည်ဖြစ်သောကြောင့် စာမူများလည်း ပေးပို့နိုင်ကြောင်း၊ ပေးပို့လိုသည့် စာမူများကို ၂၀၂၄ ခုနှစ် မတ် ၃၀ နောက်ဆုံးထား၍ ဆရာတော် ဦးပဏ္ဍိတ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ လိပ်မူ၍လည်းကောင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လိပ်မူ၍လည်းကောင်းပေးပို့နိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉၂၀၁၂၁၂၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်