နေပြည်တော် ဒီဇင်ဘာ ၂၇

 (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Naypyitaw State Academy ရှိ ခန်းမ၌ကျင်းပရာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် မြန်မာစာပါမောက္ခ(ဌာနမှူး) ဒေါက်တာဇော်ဝင်း က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောမည့် ဆရာမကြီး၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပြီး ပညာရေးဝန်ကြီးဌာန တိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာ အဖွဲ့(အချိန်ပြည့်)အဖွဲ့ဝင် ဆရာမကြီး ဒေါက်တာခင်ဆွေမြင့်က လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် လွတ်လပ်ရေးနှင့် မြန်မာနိုင်ငံတော်ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ပါမောက္ခ (ဌာနမှူး)များက ဆုများပေးအပ်ချီးမြှင့်ကြပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ‌ဒေါက်တာ နုနုလွင် က ဆရာမကြီး‌ဒေါက်တာခင်ဆွေမြင့်အား ဟောပြောပွဲအမှတ်တရ လက်ဆောင်ပေးအပ်ကာ ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင် က ကျေးဇူးတင် စကားပြောကြားသည်။

သတင်းစဉ်