နယူးယောက် ဒီဇင်ဘာ ၂၇
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို သမ္မတ ဂျိုးဘိုင်ဒင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ အမေရိကန်လူငယ် ၇၀ ရာခိုင်နှုန်းကျော်က ကြိုက်နှစ်သက်မှုမရှိကြောင်း သဘောထားစစ်တမ်း တစ်ခုတွင် ထုတ်ဖော်ပြသခဲ့သည်။
သည်နယူးယောက်တိုင်းမ် သတင်းစာနှင့် Siena ကောလိပ်တို့သည် ၎င်း အကြောင်းအရာနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း မှတ်ပုံတင်ထားသည့် မဲပေးသူ ၁၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့သည်။
စစ်တမ်းတွင် ဖြေဆိုသူ ၅၇ ရာခိုင် နှုန်းက ဘိုင်ဒင် ၏ ၎င်းအရေးကိုင်တွယ်ပုံကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တွေ့ရပြီး ၃၃ ရာခိုင်နှုန်းက ထောက်ခံခဲ့ကာ အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ် ၇၂ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း ပြောကြားသည်။
စစ်တမ်းဖြေဆိုသူ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများတွင် ၄၁ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း ဖြေကြားပြီး ၅၂ ရာခိုင်နှုန်းက သဘောတူကြောင်း သိရသည်။
၎င်းပဋိပက္ခတွင် မည်သည့်ဘက်က စာနာကြောင်း မေးမြန်းရာတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းက အစ္စရေးကို ရွေးချယ်ခဲ့ပြီး ၄၆ ရာခိုင်နှုန်းက ပါလက်စတိုင်းဘက်မှ ရပ်တည်ခဲ့သည်။
၎င်းမေးခွန်းနှင့်ပတ်သက်၍ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၏ ၆၃ ရာခိုင်နှုန်းသည် အစ္စရေး ကို ရွေးချယ်ခဲ့ပြီး ၁၁ ရာခိုင်နှုန်းက ပါလက်စတိုင်းကို ရွေးချယ်ခဲ့ကြသည်။
သည်နယူးယောက်တိုင်းမ်က “မျိုးဆက်ကွာဟချက်အရ သက်ကြီးရွယ်အိုများသည် ၇၅ နှစ်ကြာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပဋိပက္ခကို မြင်တွေ့ကြားသိခဲ့ရသဖြင့် လူငယ်များနှင့် အမြင်ချင်း ကွဲပြားနိုင်ကြောင်း ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ