ရန်ကုန် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မှော်ဘီမြို့နယ်ရပ်ကွက်၊ ကျေးရွာ (၂၂) ခုမှ ပြည်သူ ၅၆၆ ဦး၊ သာကေတမြို့နယ် ရပ်ကွက် (၅) ခုမှ ပြည်သူ ၄၆၀ ၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက် (၆) ခုမှ ပြည်သူ ၄၁၁ ဦး၊ ကမာရွတ်မြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ ၄၈၁ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

အဆိုပါ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ (၂၉) ရက်တွင် မှော်ဘီမြို့နယ်၊ သာကေတမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်