နေပြည်တော် ဒီဇင်ဘာ ၂၈
ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသနနည်းလမ်းများကို စနစ်တကျ နားလည်သိရှိစေရန်နှင့် အသုံးချသုတေသနများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံသုတေသနနည်းစနစ်များဆိုင်ရာ ဟောပြောပို့ချပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် Naypyitaw State Academy ၊ စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာယဉ်ယဉ်ဝင့် က ဟောပြောပို့ချမည့် ဆရာကြီးဒေါက်တာ စိုးဝင်း ၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ဖတ်ကြားပြီး ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း က အခြေခံသုတေသန နည်းစနစ်များ (Research Methodology) ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ဟောပြောပွဲအပြီးတွင် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင် က ဆရာကြီးဒေါက်တာစိုးဝင်းအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ(ဌာနမှူးများ)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်