ကင်ရှာဆာ ဒီဇင်ဘာ ၂၈
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) အရှေ့ပိုင်းရှိ ဆောက်ကီဗူးပြည်နယ် မြို့တော် ဘူကာဗူ၌ ဒီဇင်ဘာ ၂၆ ရက်က တစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှု များ ဖြစ်ပေါ်ခဲ့ရာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။
ဘူကာဗူ၌ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဘူဟိုင်ရီ ကျေးရွာ အနီးတစ်ဝိုက်လူ ၂၀ သေဆုံးခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။ အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရန် ပြည်နယ်အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များကို အခင်းဖြစ်ပွားရာ နေရာသို့ တပ်ဖြန့်ချ ထားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဆောက်ကီဗူးပြည်နယ် ခါလင်ဂီကျေးရွာတွင် မြေပြိုမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ရသည်။ ရေကြီးမှုနှင့် မြေပြိုမှုများမှာ ကွန်ဂိုနိုင်ငံ၌ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိပြီး ပျက်စီးဆုံးရှုံးမှုများ ခံစားရလေ့ရှိသည်။
ဆင်ဟွာ